Thursday 25 February 2016






#ကာရူန်သူယုတ်မာရဲ့အမိုက်ဇတ်သိမ်း

{}{}{}{}{}{}{}{}{}{}{}{}{}{}{}{}{}{}{}{}{}{}{}

တမန်တော်မူစာ(အလိုင်ဟိစလာမ်)အား
အလ္လာဟ်ဟုအသျှင်မြတ်က သောင်ရာသ်ကျမ်းစာများကို ရွှေပြားပေါ်
တွင်ရေးသားမှတ်တမ်းတင်ရန် အမိန့်
တော်ကျရောက်လာရာ မူစာ(အ)က ထို
မျှများပြားသောရွှေပြားများ မည်သို့ရှာရ
ပါမည်နည်းဟု အသျှင်မြတ်အား
လျောက်တင်လေသည်။

ထိုအခါ အသျှင်မြတ်က ဂျိဗ်ရာအီးလ်
(အလိုင်ဟိစလာမ်)ကို စေလွှတ်တော်မူ
ကာ ၎င်းက တောထဲ၌အလေ့ကျပေါက်
နေသော အပင်(၃)မျိုး၏အမည်ကိုပြော
ပြ၍ ထိုအပင်တို့၏အမြစ်ကို မီးရှို့ပြာချ
ကာ ကြေးနီရေတွင်လောင်းပါက ရွှေရရှိ
နိုင်ကြောင်း မူစာ(အ)အား သင်ပြပေးခဲ့
လေသည်။

ထိုအပင်(၃)မျိုးကို တောထဲ၌ရှာဖွေရန်
မူစာ(အ)က မိမိ၏ညီဝမ်းကွဲတော်စပ်
သော #ကာရူန် ၊ #ကာလူတ် နှင့်
#ယူရှအ်(အ)တို့ ၃ဦးကို ၃နေရောခွဲ၍
စေလွှတ်လိုက်လေသည်။

ထိုဆေးမြစ် ၃မျိုးရရှိလေသော မူစာ(အ)
လည်း ဂျိဗ်ရာအီးလ်(အ)သင်ပြသွားခဲ့
သည့်အတိုင်းပြုလုပ်လေရာ ရွှေများရရှိ
ခဲ့ပြီး ရွှေပြားပြုလုပ်ကာ သောင်ရာသ်
ကျမ်းစာများအား ထိုရွှေပြားပေါ်တွင်
ရေးသားမှတ်တမ်းတင်ခဲ့လေသည်။

ထိုနည်းလမ်းကို သိရှိခဲ့သော ကာရူန်
သည် တိတ်တဆိတ် ထိုအပင်များအား
ရှာဖွေပြီး မူစာ(အ)ပြုလုပ်သည့်အတိုင်း
ပြုလုပ်လေရာ ရွှေများစွာရရှိခဲ့ပြီး
နေ့ခြင်းညခြင်း သူဌေးကြီးဖြစ်လာခဲ့
လေတော့သည်။သူဌေးကြီးဖြစ်လာသော
ကာရူးန် သည် စည်းစိမ်၌ယစ်မူးလာပြီး
ဘဝင်မြင့်လာခဲ့တော့သည်။

မူစာ(အ)က ထိုဥစ္စာပစ္စည်းတို့မှာ တည်မြဲ
သောအရာများမဟုတ်သည်ကို ဆုံးမ
ဟောပြောခဲ့ကာ ထိုပစ္စည်းများထဲမှ
၎ပုံ၁ပုံကို လှူတန်းမူ့ပြုရန်ပြောဆိုလေ
ရာ ၎င်းကငြင်းဆန်ခဲ့လေသည်။
မူစာ(အ)က ဒါဆို ၁၀ပုံ၁ပုံ ဟုပြောလေ
ရာထပ်မံငြင်းဆန်သဖြင့် ၁၀၀ပုံ၁ပုံ
ဤသည်ကိုလည်းငြင်းဆန်ပြန်သဖြင့်
၁ ၀၀၀ ပုံ၁ပုံ ဟုပြောလေရာ ထိုအခါ
ကျမှ လက္ခံလိုက်လေသည်။

ကာရူန်သည် မိမိပိုင်ဆိုင်မူ့ အပုံတစ်ထောင်မှ တစ်ပုံကို ဖယ်လိုက်
လေရာ အလွန်အမင်းများပြားစွာရှိနေ
သည်ကို မြင်ရ၍ နှမျောတွန့်တိုစိတ်ဝင်
ပြီး ထိုပေးလှူရန် ဖယ်လိုက်သောတစ်ပုံ
ကိုပင် ဘဏ္ဌာတိုက်ထဲပြန်ထည့်လိုက်
လေသည်။

ထို့နောင် မိမိဝမ်းကွဲအစ်ကိုတော်များ
ဖြစ်သော ဟာရွန်း(အ)နှင့်မူစာ(အ)
တို့ကို အကောက်ထားကာ ဗနီအစ္စရာအီးလ်တို့အား 'မူစာသည်
ကျွန်ုပ်၏ပိုင်ဆိုင်မူ့များကို မတရားသိမ်း
ယူဖို့ကြိုးစားနေခြင်းဖြစ်ကြောင်း'
အဆွယ်တရားဟောလေတော့သည်။

မူစာ(အ)အား အရှက်တကွဲဖြစ်စေခြင်နေ
သော ကာရူန်သည် လှပသောမိန်းမပျက်
'စတ်ဘဇာ' ဟူသောအမျိုးသမီးကို
ငွေကြေးအမြောက်အများပေးကာ
မူစာ(အ)လူအများအား တရားဒေသနာ
ဟောပြောပို့ချနေချိန် ခေါ်ဆောင်လာ
ပြီး မူစာ(အ)နှင့် ဤအမျိုးသမီး ဇေနာပြု
ထားကြောင်း စွပ်စွဲပြောဆိုလေသည်။

မူစာ(အ)က 'စတ်ဘဇာ'အား အနားသို့
ခေါ်လာစေပြီး
'အို. .အမျိုးသမီး
သင်မ၏ စွပ်စွဲချင်ကို သင်မနှင့်ငါသာ
သိသည်မဟုတ် အလ္လာဟ်ရှင်အကြွင်းမဲ့
သိတော်မူသည်။သင်မ အမှန်အတိုင်း
ဤလူပုံအလည်မှာ ထုတ်ဖော်ပြောဆိုပါ'
ဟု ဆိုလေရာ 'စတ်ဘဇာ'လည်း အရှင်
မြတ်၏တန်ခိုးတော်ကို ကြောက်ရွံ့ခဲ့ပြီး
တုန်လူပ်ခြောက်ခြားကာ ကာရူန် က
မိမိအား ငွေအသပြာ တစ်သောင်းပေး
၍ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ကာရူန်၏လက်
ရာ တံဆိပ်နှင့်ထုတ်ပေးသော ငွေအသပြာတစ်သောင်းကို လူပုံအလည်
၌ပြသကာအမှန်အတိုင်းဝန်ခံခဲ့လေ
သည်။

မူစာ(အ)လည်း အသျှင်မြတ်ကို ချီးမွမ်း
ထောပနာများစွာပြုပြီး ကာရူန်သည်
မိမိ၏ဆိုဆုံးမခြင်းကို နာယူခြင်းမရှိသည့်
အပြင် မိမိအားလူပုံအလည်တွင်အရှက်
တကွဲပြုလုပ်ခဲ့ပါကြောင်းနှင့် မိမိအနေ
ဖြင့် ကာရူန်ကို သည်းခံတရားထားပြီး
မေတ္တာမပျက် ဆက်လက်ရှိသွားပါမည့်
အကြောင်း အသျှင်မြတ်ထံလျောက်
ထားတော်မူသည်။

အလ္လာဟ်ဟုအသျှင်မြတ်က မူစာ(အ)
အား ဝဟီဗျာဒိတ်တော်ချပေးလေသည်။
အို မူစာ အသင် ကာရူန်အား ဟောပြော
ပို့ချခြင်း တာဝန်ကျေပေပြီ။ယခု၎င်းအား
ငါအသျှင် မြေမျိုစေတော်မူမည်ဟု
အမိန့်တော်မြတ်ကျရောက်လာလေ
တော့သည်။

မူစာ(အ)လည်း ချက်ခြင်းပင် လူထု
ပရိတ်သတ်အား အသင်တို့ ကာရူန်၏
အနားကနေ ဝေးစွာဖယ်လိုက်ကြဟု
မိန့်လေသည်။

လူအုပ်ကြီးသည် ကာရူန်၏အနားမှ
ဝေးစွာဖယ်လိုက်ကြသည်။
ထိုစဉ်မှာပင် ပထဝီမြေကြီးသည် ကွဲအက်
ကာ ကာရူန်အား ဒူးခေါင်းအထိ မျိုလိုက်
လေသည်။ကာရူန်သည် မူစာ(အ)အား
အော်ဟစ်အကူအညီတောင်းရင်း နောင်
ကို အလ္လာဟ့်အမိန့်နာခံပါတော့မည်ဟု
ဟစ်အော်လေသည်။

မူစာ(အ)က အသင်၏မိုက်မဲမူ့ကြောင့်
ထိုကဲ့သို့ဖြစ်ရခြင်းဖြစ်ပြီး ကျွန်ုပ်လည်း
တားနိုင်တဲ့ အစွမ်းမရှိကြောင်း
ပြန်၍မိန့်လေသည်။

ထိုသို့အော်ဟစ်ပြီး အကြိမ်ပေါင်း(၇၀)
တိုင်တိုင် မူစာ(အ)အား အကူအညီတောင်းခံရင်း နောက်ဆုံး
ခန္ဓာကိုယ်တစ်ခုလုံကို မြေမျိုသွားလေ
တော့သည်။

အသိဥာဏ်မဲ့သော လူအချို့က
မူစာသည် ကာရူန်၏ဥစ္စာပစ္စည်းများကို
အပိုင္ရလို၍ အလႅာဟ္ရွင့္ထံ ဘဒ္ဒိုအာ
ပြုလိုက်ခြင်းဖြစ်မည်ဟု ပြောဆိုလေရာ
မူစာ(အ)ကကြားသိပြီး အသျှင်မြတ်ထံ
ကာရူန် ၏ဥစ္စာပစ္စည်းတို့ကိုပါ မြေမျိုစေ
တော်မူပါဟု အသျှင်မြတ်ထံလျောက်
တင်လေရာ အသျှင်မြတ်က ကာရူန်နှင့်
အတူ ၎င်းပိုင်ဆိုင်သောဥစ္စာပစ္စည်းတစ်
ခုမကျန်ကိုပါ မြေမျိုစေ၍ ဖျက်စီးပြစ်
တော်မူခဲ့လေသည်။

အလ္လာဟ်ရှင်ဟာ ခေတ်တိုင်းမှာ မိမိ၏
အချစ်တော်တို့ကို ထိပါးစော်ကားသူ
တို့အား အရေးယူ ပြစ်ဒဏ်ချမှတ်ခဲ့
စမြဲဖြစ်သည်။

ယနေ့ တမန်တော်နှင့်ဆွဟာဗဟ်တို့
အား ဆဲရေးပြစ်တင်သူ မကောင်းပြော
သူတို့သည်လည်း မည်သည့်နည်းနှင့်မှ
လွတ်မြောက်ရန်လမ်းစမရှိပေ။

လောကတွင်ပြစ်ဒဏ်မရောက်လာသေး
သော်လည်း တမလွန်၌ ပြေးမလွတ်နိုင်။
ပြင်းထန်သော အဇာဗ်ကျရောက်ခံစား
ရမည်မှာ မုချမလွဲမသွေပင်။အချိန်မလွန်
ခင် သောင်ဗာဟ်ပြုအမှားဝန်ချတောင်း
ပန်လျှင်တော့ အသျှင်မြတ်အသနား
တော်နှင့် လွတ်မြောက်ခွင့်ရလိမ့်မည်ဟု
မျှော်လင့်မိပါသည်။








No comments:

Post a Comment