Sunday 28 February 2016




©#အလ္လာဟ်အရှင်မြတ်၏ထူးဆန်းအ့သြဖွယ်ရာ
                      ဖန်ဆင်းမူများ"#©
±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±
** ဟဇ်ရသ်အိဗ်နို့အဗ္ဗားစ်(ရသွေ့)သခင်ကအမိန့်
ရှိပါသည်။"အလ္လာဟ်အရှင်မြတ်သည်ဦးစွာပထမ
(ကလောင်တံ)ကိုဖန်ဆင်းတော်မူသည်။ထိုနောက်
အသင်ရေးသားလော့ဟုအမိန့်ပေးလေရာ
(ကလောင်တံ)က အို အရှင် အဘယ်အရာရေးသား
ရမည်နည်း?ဟုလျှောက်ထားလေရာအရှင်မြတ်
က* သပ်က်ဒီးရ် *ရှိသမျှအရာဟူသရွှေ့ကို
ရေးသားလောဟုမိန့်ကြားတော်မူသည်။ထိုမှ
စ၍(ကလောင်တံ)သည် ကိယာမသ် အထိ
ဖြစ်ပေါ်လာမည့်အရာဟူသရွှေ့ကိုရေးသား
လေသည်။

#ထိုနောက် အရှင်မြတ်သည် * ရေ *ကိုဖန်ဆင်း
တော်မူသည်။ပြီးနောက် * လေ *ကိုဖန်ဆင်း
တော်မူသည်။အရှင်မြတ်သည် လေ ကိုဖြန့်ချ
တော်မူလေရာ လေ သည် ရေ အပေါ်သို့ရောက်
ရှိပြီး၊ရေ  ကိုလိုင်းတံပိုးအဖြစ်၎င်း၊ရေမြုတ်များ
အဖြစ်၎င်းပြုလုပ်လိုက်သည်။

#ထို့နောက် အရှင်မြတ်သည် "ယဟ်မုသ်"(သို့)
"လူသီယာ"မည်သောငါးကိုဖန်ဆင်းတော်မူသည်။

#အလ္လာဟ်အရှင်မြတ်သည် "ရေမြုတ်"ကိုအမိန့်
ပေးတော်မူလေရာထို ရေမြုတ် သည်ခဲသွား
လေသည်။ထိုခဲသွားသော ရေမြုတ် ဖြင့်မြေ
ပထဝီ ကိုဖန်ဆင်းတော်မူသည်။ ထိုနောက်
မြေပထဝီကို "ငါး "၏ကျောပေါ်တွင်ဖြန့်ခင်းလိုက်သည်။
ငါးသည် လူပ်ရှားလေသောအခါ မြေပထဝီသည်
လည်းလူပ်ရှားနေသည်။ထိုမြေပထဝီငြိမ်သက်စေရန်အတွက်အရှင်မြတ်သည်
လိုင်းတံပိုးကို အမိန့်ပေးလေရာ၎င်းသည်လည်း
ခဲသွားသည်၊ထို့နောက်၎င်းတို့ကိုမြေပထဝီပေါ်တွင်
လဲကျနေသောတောင်များအဖြစ် ဖန်ဆင်းတော်
မူသည်။

#ထို့နောက်အရှင်မြတ်သည် ရေခိုး၊ရေငွေ့များ
ဖြင့်မိုးကောင်ကင်(၇)ထပ်ကိုဖန်ဆင်းတော်မူသည်။
၁/ပထမမိုးကောင်ကင်ကို ရပ်တန့်နေသော
လိုင်းတံပိုးဖြင့် ဖန်ဆင်းထားသည်။
၂/ဒုတိယမိုးကောင်ကင်ကို ကျောက်သားမြေ
ဖြင့်ဖန်ဆင်းထားသည်။
၃/တတိယ မိုးကောင်ကင်ကိုသံများဖြင့်ဖန်ဆင်း
ထားသည်။
၎/စတုတ္ထမိုးကောင်းကင်ကို ခဲသတ္တု ဖြင့်ဖန်ဆင်း
ထားသည်။
၅/ပဉ္စမ မိုးကောင်ကင်ကိုရွှေဖြင့်ဖန်ဆင်းထားသည်။
၆/ဆဌမမိုးကောင်ကင်ကိုကျောက်သံပတ္တမြား
ဖြင့်ဖန်ဆင်းထားသည်။
၇/သတ္တမ မိုးကောင်ကင်ကိုအလွန်နီရဲသော
ပတ္တမြားဖြင့်ဖန်ဆင်းထားသည်။

"အဖန်ဆင်းခံများကိုဖန်ဆင်းသည့်နေ့များ
============================
(တနင်္ဂနွေနေ့)
မြေပထဝီနင့် တောင်များစသဖြင့်။
(တနလာင်္နေ့)
သစ်ပင်များနင့်မိုးကောင်ကင်စသဖြင့်။
(အင်္ဂါနေ့)
လူသားများအလုပ်အကိုင်အတွက်လုပ်ငန်းသုးံ
ပစ္စည်းများတွင်လိုအပ်သော"သံ၊သတ္တုများ
နင့်ကျောက်သံပတ္တမြား များစသဖြင့်။
(ဗုဒ္ဓဟူးနေ့)
အလင်းရောင်၊ငါးသတ္တဝါ၊မြစ်ချောင်းအင်းအိုင်
တို့၏နေရာများ၊အစားအစာများ၊မြို့ရွှာ
တည်နေရာများ စသဖြင့်။
(ကြာသာပတေးနေ့)
ငှက်သတ္တဝါများ၊တောရိုင်းသတ္တဝါများ၊သား
ရဲတိရစ္ဆာန်များ၊ဘေးဘလာဒုက္ခများ။
(သောကြာနေ့)
လူသားကိုသောကြာနေ့တွင်ဖန်ဆင်းတော်
မူသည်။
(စနေနေ့)
အရှင်မြတ်သည် စနေနေ့တွင် မည်သည့်အရာ
ကိုမျှဖန်ဆင်းတော်မမူပေ။

#တစ်လောကလုးံရှိ မြေပထဝီ၏အကျယ်အဝန်း
သည်၊နစ်ပေါ်င်း(၅၀၀)ခရီးနင့်ညိမျှသည်။
၎င်းတွင် နစ်ပေါ်င်း(၃၀၀)နင့်ညိမျှသောခရီးမှာ
ရေပြင်သီးသန့်ဖြစ်၍ နစ်ပေါ်င်း(၁၉၀)နင့်ညီမျှ
သောခရီးမှာ"ယာဂျူးဂ်ျ မာဂျူးဂ်ျ" တို့နေထိုင်ရာဒေသဖြစ်သည်။
ကျန်နစ်ပေါ်င်း(၁၀)နစ်နင့်ညီမျှသောခရီးမှ
နစ်ပေါ်င်း(၇)နစ်နင့်ညီမျှသောခရီးသည်"ဟဗ်ရှီ"
ူလူမျိုးများနေထိုင်ပြီး၊ကျန်သောနစ်ပေါ်င်း(၃)နစ်
နင့်ညီမျှသောခရီးမှာလူသားများနင့်အဖန်ဆင်းခံ
များအားလုးံနေထိုင်ကြလေသည်။

#လောကတွင်လူတို့ပြောဆိုသောဘာသာစကား
ပေါ်င်း(၃၀၆၄)မျိုးရှိလေသည်။

"အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာဟူ
သရွှေ့ကိုအကြွင်းနဲ့သိတော်မူသောအရှင်
ဖြစ်ပါသည်"။
ဂျလာလိုင်ကျမ်း....ဆွာဝီကျမ်း.ဟယာသွလ်
ဟိုင်ဝါန်းကျမ်း   မော်လနာအဒွလ်အန္နဝါရ်






1 comment:

  1. salamကျ​နော်​blogကိုဆြာလိုမျိုး​လေးအလှဆင်​​ပေးလို့ရလားကျ​နော်​ကpcမရှိလို့ပါဖုန်းနဲဘဲသုံးရလို့ပါ

    ReplyDelete