Monday 22 February 2016







               အက်စလားမိုအာလိုင်းကွမ်

စူဒါဖွာသေယာ လူအသိများတဲ့ ကျွန်တော်တို့
ကျမ်းမြတ်ကုရ်အာန်ထဲက ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ လွန်ခဲတဲ့ နှစ်တစ်ရာခန့်က အဖြစ်ပျက်လေးပါ မြန်မာနိုင်ငံက ကုန်သယ်နှစ်ဦးသည် အီန္ဒီယနိုင်ငံကို ကုန်သွယ် သွားကျတယ် အရင်ကဆိုတော့ မောင်ခိုပေါ့ ခိုးသွားရတယ် တော်လမ်းခရီးကြမ်းကို ကျော်ဖြတ်ရတယ် အဲလိုကျော်ဖြတ်ပြီး ကုန်ပစ္စည်းတွေကို တဘက်နိုင်ငံကို သယ်သွားရတယ် အခက်ခဲတွေအများကြီးထဲကနေ အီန္ဒီယ
နိုင်ငံအစကို စမြင်နေရပါပြီး တော်ဆက်ဆိုတော့ အိမ်ခြေက တစ်အိမ်စ နှစ်အိမ်စပဲရှိပါတယ် လမ်းခရီးမှာ အရမ်းပင်ပန်းတော် အနီးနားက တဲ့အိမ်လေးတစ်လုံးမှာ အကူညီတောင်းပြီး ရေဝင်သောက်ကပါတယ် အိမ်ထဲစဝင်တော့
အမျိုးသမီးငယ်လေးတစ်ယောက်ကိုစတွေ့ရပါတယ်
'' သမီး ဦးလေးတို့ကို ခဏနားခွင့်ပြုပါ
နော် ခရီးပန်းလာလို့ပါ ''
'' ဂျီ ရပါတယ် နားလေ''
ကောင်မလေးက ရေအေးလေးနှစ်ခွက်ယူလာပေးပါတယ် အလိုက်သိလိုက်တဲ့ သမီးလေးပါပဲ

ခဏနေတော့ အသက်၅၀ခံ အမျိုးသမီးကြီး
တစ်ယောက်ထွက်လာပါတယ်

''ခရီးသွားတွေဖြစ်မယ် ပင်းပန်းလာကျတာလာ နားနားနေနေ နေပြီးမှ ခရီးဆက်ကျပေါ့ကွယ် ''

'' ကျေးဇူးတင်ပါတယ် ''
'' ရပါတယ် ကောင်လေးတို့က ဘယ်ကလာကျတာလဲ ''
'' မြန်မာနိုင်ငံကပါ ''
'' ဟားးးး အဝေကြီးပဲ ဗိုက်စာနေကျမှာပေါ့
ထမင်းစားပြီးမှ သွားကျနော် ''
'' ဟားးးးးးးး မလုပ်ပါနဲ့ဗျာ အားနာစရာကြီး ''
'' မလိုပါဘူး ''
နောက်ဆုံး ထမင်းစားဖို့ အစီစဉ်လုပ်လိုက်ပါတော့တယ် ထိုအိမ်တွင်
အမျိုးသမီးနှစ်ဦးသာနေထိုင်ကျသည်။
စိတ်ထားအရမ်းကောင်းသည်။

ကုန်ဘယ်နှစ်ဦး ခဏလေး လှဲလောင်းနေလိုက်သည်။
ဒါပေမဲ့ အိပ်မပျော်ပါ ထိုချိန် အိမ်ရှင်နှစ်ဦး၏
ပြောစရာကို ကုန်သယ်နှစ်ဦးက ကြားနေရပါသည်။

'' အမာ ခရီးသွားတွေကို ထမင်းဖိတ်ကျွေးနေပြီး အိမ်မှာက ဆန်မရှိပဲနဲ့ ဆန်က သမီးနဲ့ အမာ စားဖို့တစ်ဗူးလောက်ပဲရှိတာ ခရီးသွားတွေအတွက်ပါချက်မယ်ဆိုရင် အမာနဲ့ သမီးဘယ်လိုစားမလဲ ''

'' ဟုတ်လာ အာ့ဆို ထမင်းအိုးအဖုံးကိုဖွင့်ပြီး
စူဒါဖွာသေယာ ၇ခေါက်ဖတ်ပြီးမူတ်ထည့်လိုက် ပြီးမှ မီးဖိုပေါ်တင် ''

'' ဂျီမာမာ ''

ကောင်မလေးက သူ့မိခင်ပြောသည့်အတိုင်း
ချက်ပြုတ်ပြီး နာရီဝက် တစ်နာရီခံကြာတော့
ကုန်သယ်တွေကို ထမင်းစားဖို့ခေါ်ပါတယ်
ကုန်သယ်နှစ်ဦးလဲ အားကလဲနာ ဗိုက်ကလဲစာနဲ့ စားလိုက်တာ အဝပဲတဲ့ သူ့တို့စားပြီးတော့ ကောင်မလေးမိခင်က တိုးတိုးလေးမေးလိုက်တယ် ထမင်းအိုးသွားဖွင့်ကြည့်ပါတဲ့ တိုးတိုးလေးဆိုပေမဲ့ တော်သူတွေဆိုတော့ အသံက နည်းနည်းကျယ်တာပေါ့ သူတို့စိတ်မှာက မကြာလောက်ဘူးထင်မှာပေါ့
ကောင်မလေးက ထမင်းအိုးအဖုံးကိုနည်းနည်းလေးဖွင့်ပြီး လက်နိုက်ကြည့်လိုက်ပါတယ် ပြီးတော့ မိခင်ဖြစ်သူကို အားရပါးရအော်ပြောလိုက်တာက

'' အမာ ရှိသေးတယ် ထမင်းထည့်လိုက်ရမလား ''
ကုန်သယ်ကြီးနှစ်ဦး မျက်လုံးပြူးလောက်
အောင်ကို အံအော်သွားရပါတယ် ဘာလို့လဲ
ဆိုတော့ ဆန်းလေး တစ်ဗူးလောက်လေးနဲ့
ကုန်ဘယ်နှစ်ဦးစားလိုက်တာ အဲဆန်းတစ်ဗူးဟာ ကုန်သွားလောက်တယ် ဒါပေမဲ့ ရှိနေသေးတယ် အရမ်းကို ထူးဆန်းနေမိတယ်
သူမတို့ သာအမိစားပြီး ထမင်းအိုးထဲမှာ ထမင်းက ထက်ရှိနေတုန်းပါပဲတဲ့ အဲဒါက စူဒါဖွာသေယာ၏ ထူးခြားမူ့လေးပါပဲ
မိတ်ဆွေလဲ ထမင်းချက်ရင် စူဒါဖွာသေယာ ၇ခေါက်ဖတ်ပြီးမှ ချက်ပါနော် ......

စာရေးသူကိုယ်တိုင်လဲ မနက်မိုးလင်းရင် အိမ်ယာထဒိုအာ နောက် စူဒါဖွာသေယာ ၇ခေါက်ကို ခုချိန်ထိဖတ်နေတုန်ပါပဲ

ယခုကျွန်တော်ရေးသားခဲ့တော့ အဖြစ်ပျက်လေးသည် ကျွန်တော် မော်လဝီကျောင်း ၂တန်းတုန်းက ကျွန်တော်တို့ကျောင်းမှာ ခန့်မှန်းခြေ အသက်၉၀ကျော်ခံရှိသော အဖိုးအို အလ္လာဟ်မိတ်ခံယူချိန် ဗလီတွင် ထိုနာနာ၏မိတ်ဆွေ သူငယ်ချင်းများက အချင်းချင်း
သူတို့ ကြုံတွေ့ခဲရတဲ့ အကြောင်းလေးတွေကို
ပြောဆိုနေကျတာဖြစ်ပါတယ် ခုချိန်ထိ ကျွန်တော် မမေ့သေးပါဘူး ခုချိန်ထိလဲ ကျွန်တော်ကိုယ်တိုင် လက်ခံထားပါတယ် ထိုနာနာများကို အလ္လာဟ်သျှင် သက်ရှိထင်ရှား ကျန်းကျန်းမာမာနဲ့ထားတော်မူပါစေ အာမိန်း

ကျွန်တော်ရေးခဲ့သောပို့စ်လေးကို နားထောင်လိုက်နာ ဖတ်မိသော မိတ်ဆွေကိုလဲ အလ္လာဟ်သျှင်၏ကောင်းမွန်မြင့်မြတ်လှသော လမ်းစင်ပေါ်တွင် လျှေက်လမ်းနိုင်သော လူတော်လူကောင်းတစ်ဖြစ်လာနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အာမိန်း

ခုရေးခဲသော ပို့စ်သည် တကယ်အဖြစ်ပျက်လေးတစ်ခုဖြစ်ပါသည်။

          A.S.O                                 လူငယ်




No comments:

Post a Comment